သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ဧကပိဿာ တစ်ထောင်ထွက်ရှိနိုင်သည့် မျိုးစေ့များထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ဧကပိဿာ တစ်ထောင်ထွက်ရှိနိုင်သည့် မျိုးစေ့များထောက်ပံ့ပေးအပ်

 



MNP - ဇူလိုင်   ၂၂


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုး၊ မိုးနှောင်းရာသီတွင် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး ဈေးနှုန်းကောင်းမွန်သော ဝါမျိုးကို စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာစေရန် တစ်ဧက ပိဿာတစ်ထောင်ထွက်ရှိ နိုင်သည့် ရာကာ ၆၆၆ စပ်မျိုးအဆင့်(၁)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေး ခန်းမ၌  ပြုလုပ်ကြောင်း သိရသည်။


မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြား ပြီး မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက  တောင်သူများအနေဖြင့် ထောက်ပံ့ ပေးသော မျိုးစေ့များကို စနစ်တကျ စိုက်ပျိုးကြရန်နှင့် စနစ်တကျဖြစ်စေရန် ဝန်ထမ်းများက ကွင်းဆင်းပြီး တောင်သူများနှင့်အတူ ပူးပေါင်းစိုက်ပျိုးကာ နည်းပညာများကို လက်တွေ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးသည်။ ထို့နောက် တာဝန်ရှိသူများက တောင်သူများအား ဧက ၁၀၀ အတွက် မျိုးစေ့များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ   ထောက်ပံ့ပေးအပ်သော ဝါမျိုးစေ့များကို မကျီးကန်ကျေးရွာအုပ်စုမှ  တောင်သူ ၃၀ ဦး တို့က ၅၁.၅၀ ဧကနှင့် ယင်းမာရိုးကျေးရွာအုပ်စုမှ တောင်သူ ၁၉ ဦးတို့က ၄၁.၅၀ ဧကတို့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ကျော်စိုးထံက သိရ သည်။


အဆိုပါ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)