MNP ၊ ဇူလိုင် ၁၈
၂၀၂၂ ခုနှစ်၊ ဇူလိုင် လ(၁၉)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီ စာကုံးပြိုင်ပွဲကို အမ်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသားကျောင်းသူများဖြင့် ဇူလိုင် ၁၈ ရက် နေ့လည်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသားကျောင်းသူများကို အာဇာနည်နေ့ အ ထိမ်းအမှတ် စာစီ စာကုံးပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် အာဇာနည် နေ့ ဒို့မမေ့ ခေါင်စဉ်ဖြင့် ပြိုင်ပွဲဝင်ရောက်ရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများက အာဇာနည်နေ့ ဖြစ်ပေါ် လာပုံသမိုင်းအကြောင်းနှင့် အာဇာ နည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့်မိန့်ခွန်း ကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရစကားများ၊ အာဇာ နည်(၉)ဦး သမိုင်းအကြောင်းအရာများအား ပြုစုရေးသားခဲ့ကြောင်းသိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment