MNP - ဇူလိုင် ၁၆
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမှတ်(၄) အခြေခံပညာမူလတန်း လွန်ကျောင်းမှ ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများအား မိမိတို့နိုင်ငံတော်ကြီး၏ အာဇာနည်ခေါင်းဆောင်ကြီးများကို ရင်ထဲစွဲမြဲစွာ သိရှိစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်ပုံတူ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပရာ ဗန်းမော်မြို့ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ(၁၅)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြု လက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ကိန်းဖြူ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment