၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



MNP - ဇူလိုင်  ၁၈


၂၀၂၂-၂၀၂၃ ပညာသင်နှစ်   ကျိုင်းတုံတက္ကသိုလ် အားကစားနှင့် ကာယပညာဦးစီးကော်မတီမှ ကြီးမှူးကျင်းပသည့်  ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ကျိုင်းတုံမြို့မအားကစားကွင်း၌ ကျင်းပသည်။


ဗိုလ်လုပွဲတွင် ဘူမိဗေဒဘာသာရပ်အသင်းနှင့် ရူပဗေဒဘာသာရပ်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ရူပဗေဒ ဘာသာရပ်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။ ထို့နောက် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညွှန့်ဌေး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုင်းချစ်အောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဒိုင်လူကြီးများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြိုင်ပွဲများတွင် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကိုလည်းကောင်း၊ ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ ဆုရရှိသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပထမဆုရရှိသည့် ရူပဗေဒအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲတွင် ဘာသာရပ်အသင်း ၄ သင်းနှင့်  ညွှန်ပေါင်း(ဘာသာရပ်ပေါင်းစုံ)အသင်း စုစုပေါင်း အသင်း (၅)သင်း ပါဝင်ပြိုင်ကစားကြပြီး ပြိုင်ပွဲများကို ဇူလိုင် ၁၂ ရက်မှ ၁၇ ရက်ထိ  ကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)