ကျွန်းလှမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

 




MNP - ဇူလိုင်  ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင် ၁၈ ရက်နေ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေးကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာ ယနေ့ ဓမ္မပါလဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် (၁၉၆ )ဦး၊ ဝေရိက္ခယ သီလရှင်စာသင်တိုက်တွင် (၃၇ ) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်သူ (၂၃၃) ဦးအား ဒုတတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့ကကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)