မြောင်းမြမြို့တွင် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံသင်တန်း) ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့တွင် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံသင်တန်း) ဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - ဇူလိုင်  ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ မြို့နယ်မီးသတ်စခန်းတွင် မြောင်းမြခရိုင် မီးသတ် ဦးစီးဌာနက ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပြုလုပ်ခဲ့သည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် လေပြင်းမုန်တိုင်းတိုက်ခိုက်ခြင်း၊ ရေကြီးခြင်း၊ မီးလောင်ခြင်းတို့သည့် အဖြစ်များသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု သိရှိရမည့်အချက်များကို လည်း ပြည်သူများ သိနားလည်ရန် ရှင်းလင်းပြောပြထားရန်လည်း လိုအပ်ကြောင်း၊ မြေပြင် တွင် တကယ်လက်တွေ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိရာ ယခုလို သင်တန်းများဖွင့်လှစ်၍ အချိန်မှန် လေ့ကျင့်ထားခြင်းဖြင့် အခက်အခဲများကို  ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူက အားထားရသည့် ဝန်ထမ်းများ ဖြစ်ရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့ကြောင်း သိရ သည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော မြောင်းမြခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ကယ်ဆယ် ရေးပစ္စည်းများကို ကြည့်ရှုရာ မြောင်းမြခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦးက ကယ်ဆယ်ရေးပစ္စည်း များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)