လိပ်သိုမြို့ အမှတ်(၃)ရပ်ကွက်ရှိ အ-ထ-က ကျောင်းရှေ့လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုမြို့ အမှတ်(၃)ရပ်ကွက်ရှိ အ-ထ-က ကျောင်းရှေ့လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 


MNP - ဇူလိုင်  ၁၈


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ မော်တော်ယာဉ်များ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်ရာ ယခင်ကထက် သွားလာသယ်ယူပို့ဆောင်မှုများ ပိုမိုအဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။


အဆိုပါလမ်းမှာ အရှည် ၆၂၀ ပေ၊အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)