အမာမြို့၌ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်ပန်းပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမာမြို့၌ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်ပန်းပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ




MNP - ဇူလိုင်  ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အထိမ်းအမှတ်အဖြစ် သစ်ပင်ပန်းပင်များ စိုက်ပျိုးပွဲကို ကျောင်းအဝင် လမ်းတစ်လျှောက်၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲကို အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ပန်းပင်များနှင့် အရိပ်ရအပင်များကို ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူအင်အား (၈၀)ခန့်က ပန်းပင်နှင့်အရိပ်ရပင် စုစုပေါင်း (၈၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ပန်းပင်နှင့် အရိပ်ရပင်များ စိုက်ပျိုးပွဲသို့ အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - နော်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)