သရက်မြို့၌ ဗီဒီယိုလုပ်ငန်း မှတ်ပုံတင်ထားရှိသော လုပ်ငန်းများ စည်းကမ်းချက်နှင့် ညီညွတ်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ဗီဒီယိုလုပ်ငန်း မှတ်ပုံတင်ထားရှိသော လုပ်ငန်းများ စည်းကမ်းချက်နှင့် ညီညွတ်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး




MNP -ဇူလိုင်  ၂၇


မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ဗီဒီယိုလုပ်ငန်း မှတ်ပုံတင်ထားရှိသော လုပ်ငန်းများ စည်းကမ်းချက်နှင့် ညီညွတ်မှု ရှိ/မရှိ ခရိုင်ဗီဒီယို လုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ အဖွဲ့ဝင်များက စွယ်တော်၊ နဝရတ်(၁)၊(၂)၊ JJကာရာအိုကေဆိုင်များကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင် များက တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ သက်တမ်းကုန်ဆုံ၍ သက်တမ်းတိုး လျှောက်ထား ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းဆောင်ရွက်ရန်၊ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ၊လုပ်ငန်း တည်နေရာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးကာ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)