MNP - ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် သည် ဇူလိုင် ၂၂ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အတူ တာဝန်ရှိသူများ လိုက်ပါ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်တံတား ယာယီ ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေခင်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မုန်းလိုက် ကျေးရွာရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံအား သွားရောက်ကြည့်ရှုခဲ့သည်။
ထို့နောက် မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက်ရုံ စမ်းသပ်လည်ပတ်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment