ပေါက်ခေါင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (ပေါက်ခေါင်း)တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (ပေါက်ခေါင်း)တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပ

 



MNP - ဇူလိုင်   ၂၃


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်း အဖွဲ့များသည် ယမန်နေ့ နေ့လယ် ၁ နာရီက ပေါက်ခေါင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ အထက(ပေါက်ခေါင်း)ကျောင်းခန်းမတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဦးစွာဟောပြောပွဲတွင် အထက(ပေါက်ခေါင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ဇင်မာမြင့်က မုန်တိုင်းဘေးအန္တရာယ် အကြောင်းနှင့် ပြည်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ငလျင်ဘေး၊ မိုးကြိုးဘေး၊ ဆူနာမီနှင့် မြေပြိုဘေးစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်တတ်သည့် အချိန်၊ နေရာ ဒေသအကြောင်း အရာများနှင့် ဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရန်၊ ရှောင်ရန်နှင့် သဘာဝ‌ဘေးအန္တရာယ် ကျရောက်တော့မည်ဟု ကြိုတင်သတင်းရရှိထားပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြုံ‌တွေ့လာ ရပါက အဆောက်အဦနှင့် ကွင်းပြင်များတွင် မည်သို့နေထိုင်ရမည်ကို လက်တွေ့ သရုပ်ပြသဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်း များက ရေကြီးခြင်းနှင့် မြေပြိုခြင်း၊ ငလျင်ဘေး၊ ဆူနာမီဘေးနှင့် ဆိုင်ကလုန်းဘေး စသည့် ဘေးအန္တရာယ်များအကြောင်း အသိပညာပေး ရိုက်ကူး ထားသည့် ဗီဒီယိုဖိုင်အား ပြသပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဘောပင်များ ဝေငှပေးခြင်းနှင့် စာသင်ကျောင်း အတွက် အ‌သိပညာပေး နံရံကပ်ဗီနိုင်းပိုစတာများကို ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)