MNP - ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့နံနက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်း၍ မွေးမြူရေးခြံပိုင်ရှင်များအား တိရစ္ဆာန်ကူးစက်ရောဂါများဖြစ်သည့် ကျွဲ၊ နွား ခွာနာလျှာနာရောဂါ၊ အရေးပြားအကျိတ်နာ ရောဂါ၊ အာဖရိက ဝက်အပြင်းဖျား ရောဂါစသည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်အကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျွဲနွား ခွာနာလျှာနာ၊ လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလုပ်ငန်းများကို ဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရရှိရသည်။
အသိပညာပေးဟောပြောပွဲသို့ လှိုင်းဘွဲမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မွေးမြူရေးခြံပိုင်ရှင်များ တက်ရောက်ကြကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment