တန်(၄၀၀၀)ဘိလပ်မြေစက်ရုံ၌ ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန်(၄၀၀၀)ဘိလပ်မြေစက်ရုံ၌ ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

 



MNP - ဇူလိုင်  ၁၇


သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ ပြည်နယ်အဆင့်(တတိယအကြိမ်)ကို ယမန်နေ့ နံနက် ၈ နာရီခန့်က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ၊ တန်(၄၀၀၀)၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတက်ရောက်၍ သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။


သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းမိုးရာသီ အကြိုသစ်ပင်စိုက်ပွဲ (၈)ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပွဲ (၃)ပွဲကို ကျင်းပပြီးစီးခဲ့ပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်ပေါင်း (၈၁၁၅)ပင်ကို တပျော်တပါးစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် ပြည်နယ်အဆင့်သစ်ပင်စိုက်ပွဲတော်(တတိယအကြိမ်)အနေဖြင့် ကျွန်းပင်ပေါင်း ၁၁၈၈ ပင်ကို ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သစ်တောများမှ အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများရရှိနိုင်ရန် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းကို တက်စွမ်းသမျှဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမည့်ပျိုးပင်များအား တန်(၄၀၀၀)ဘိလပ်မြေစက်ရုံ၊ စက်ရုံမှူး ဦးကျော်ကျော်စိုးထံပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စက်ရုံမှူး ကြီးနှင့်ဝန်ထမ်းများ၊ လှာကာကျေးရွာအုပ်စုမှ ကျေးရွာသူ/သားများ ကျွန်းပင်များအား ပျော်ပျော်ပါးပါးစိုက်ပျိုးပေးခဲ့ကြကာ ထိုသို့စိုက်ပျိုးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)