ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့် သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့် သင်တန်းဆင်းပွဲကျင်းပ



 MNP - ဇူလိုင်  ၁၇


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊  ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်နှင့်အတူ ဦးစီးဌာနများ၏ လုပ်နည်းလုပ်ဟန်များ သစ်လွင်ခေတ်မီရမည်ဖြစ်ပြီး အစဉ်နုပျိုသစ်လွင်လျက်ရှိသော ပြန်ကြားရေးဝန်ကြီးဌာနဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက် ရှိပါကြောင်း၊ ဌာနလုပ်ငန်းများပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပြီး ဝန်ထမ်းများ အနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းများ တိုးတက်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပင်မလုပ်ငန်း တာဝန်ဖြစ်သည့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများကို ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်စေမည့် ပြောင်းလဲတိုးတက်လာသော နည်းပညာများနှင့်အညီ Digitital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာန၏လုပ်ငန်းများကို အမှန်တကယ် ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ဦးတည်၍ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားရမှာဖြစ်ကြောင်း၊ ထို့အတူ သင်တန်းတွင်သင်ကြားခဲ့ရသည့် အတွေ့အကြုံများကို မိမိဝန်ထမ်းများအား ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားခေါင်းဆောင်ထံ သင်တန်းဆင်းလက်မှတ် များကိုပေးအပ်သည်။


ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်းစွမ်းဆောင်ရည်များတိုးတက်လာစေရန် ရည်ရွယ်၍ အရာရှိ စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ်(၃/၂၀၂၂)ကို နှစ်ပတ်ကြာဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းသို့ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး (၁၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)