တန့်ဆည်မြို့နယ်အတွင်း ပြည်သူ့စစ်အကာအကွယ်ရှိသော ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ဆည်မြို့နယ်အတွင်း ပြည်သူ့စစ်အကာအကွယ်ရှိသော ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ



MNP ၊ ဇူလိုင် ၂၅

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ သောင်းကျန်းနေဆဲဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် အတွင်းရှိ ကျေးရွာတချို့တွင် ပြည်သူ့စစ်အကာအကွယ်ဖြင့် လယ်ယာလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဆရာတော်ဦးဝါသဝ က "ရွာအများစုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ကြဘူး။ ဒီအခြေအနေက ဒေသခံပြည်သူတွေ စားရေးသောက်ရေး အခက်အခဲဖြစ်လာပြီး ပိုပြီး ကြပ်တည်းလာနိုင်တဲ့အတွက် ဘုန်းကြီးက ပြည်သူ့စစ်တွေ ဖွဲ့စည်းနိုင်ရေး အလေးထားလုပ်ဆောင်ပေးနေခြင်းဖြစ်ပါတယ်။ အခုလို လယ်ယာစိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်နိုင်တာ ကျေးရွာ အနည်းငယ်ပဲ ရှိပါတယ်။ ပြည်သူ့စစ်နဲ့ စောင့်ရှောက်ပေးပြီးမှ လယ်ယာလုပ်ငန်း ပြန်လုပ်နိုင်တာပါ" ဟု မိန့်ကြားသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် ဒေသခံလူထု ကြုံတွေ့လာရနိုင်သည့် အခက်အခဲအကြပ်အတည်းများ ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားပြီး ပြည်သူ့စစ်အဖွဲ့များ အရှိန်အဟုန်မြှင့် ဖွဲ့စည်း၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန် တင်ပြထားရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် စပါးရိတ်သိမ်းသည့် ကာလအတွင်း စပါးရိတ်သိမ်းသည့် ပြည်သူများကို ခေါင်းဖြတ်သတ်ခြင်း၊ စပါးနှင့် ပဲအမျိုမျိုးတို့ကို ယူဆောင်သွားခြင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)