ရန်ကုန်ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ဌာနဝင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်ဖျက်မီဒီယာများတွင် လုပ်ကြံဖန်တီး ရေးသားဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ဌာနဝင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်ဖျက်မီဒီယာများတွင် လုပ်ကြံဖန်တီး ရေးသားဖော်ပြ


ရန်ကုန်၊ ဇူလိုင် ၂၅ 

ယနေ့ နံနက် အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော်(ခ) မောင်ကျော် နှင့် ကျော်မင်းယု(ခ) ဂျင်မီတို့အား သေဒဏ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီရင်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ပြည်ဖျက်မီဒီယာများတွင် ရန်ကုန်ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ဌာနဝင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ ပြုလုပ်လာသည်ကို တွေ့မြင်ရသည်။


အဆိုပါ သတင်းနှင့် ပတ်သက်၍ သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက သတင်းမှားဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောဆိုထားသည်။


ပြည်ဖျက်မီဒီယာတစ်ခုအဖြစ် ရပ်တည်၍ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသော Khit Thit Media က "ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနဝင်းကို လက်နက်ကြီးဖြင့် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ကြောင်း YANGON-E UGမှ ရဲဘော်တစ်ဦးက ပြောသည်။ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် MRTV ဝင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း YANGON-E UG မှ ရဲဘော်တစ်ဦးက ပြောသည်။ "M79နဲ့ရော Hello နှစ်ခုရော ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြည်လမ်းက MRTVရုံးထဲကိုတော့ ဖောက်ခွဲခဲ့ပါတယ်" ဟု YANGON-E UG မှ ရဲဘော်ပိုင်လေးက ပြောဆိုသည်။ ရန်ကုန်ပြည်လမ်း MRTV ဘေးနားတွင် နေထိုင်သူတစ်ဦးကမူ ပေါက်ကွဲသံအကျယ်ကြီးကြားရသည်ဟု ပြောဆိုသည်။ "MRTV ရုပ်သံဌာနဝင်းအတွင်းမှာ  အသံအကျယ်ကြီးတခုကြားရတယ်။အဲဒီအနားက ကားဖြတ်မောင်းရင်း ကြားရတာပါ" ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခြင်း ရှိ၊ မရှိ မြေပြင် အခြေအနေကို အတည်ပြုရန် ဆက်လက်ကြိုးစားလျက်ရှိသည်။ လက်ရှိဒေသခံတချို့က ဆေးရုံကားသံများကြားနေရသည်ဟု ရန်ကုန်ခေတ် သစ် သတင်းဌာနထံ ပြောဆိုသည်။  "ဆေးရုံကားသံတွေတော့ ဆူညံနေပြီကြားရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ MRTV သတင်းဌာနကမူ သတင်းမှန်ကန်မှု မရှိဟု သူ၏ တယ်လီဂရမ် လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုပြီး ဒေသသတင်းရင်းမြစ်တချို့ကမူ ပေါက်ကွဲသံမကြားရဟု ပြောဆိုကြသည်။" ဟု အမျိုးမျိုး ရေးသားထားသည်ကို တွေ့ရသည်။


ကမာရွတ်မြို့နယ်နေ ပြည်သူတစ်ဦးက "အဲဒီသတင်းတက်လာလို့ ဟုတ်သလား၊ မဟုတ်သလား ဘာသံမှလည်း မကြားရ။ ဒီကောင်တွေ ဖော်ပြတဲ့ သတင်းကလည်း သုံးခွက်တစ်ခွက်တင် ယုံဖို့က ခက်တယ်။ ထူးခြားတဲ့ အဖြစ်အပျက်တော့ ဘာမှ မရှိပါဘူး။ ရှိရင်လည်း ကျွန်တော်တို့နဲ့ နီးပါတယ်။ အခြေအနေမှန်ကို သိရပါတယ်။ အခုကတော့ ဘာမှမဟုတ်ဘဲနဲ့ Yangon-E UG လား၊ ဘာလားဗျာ။ ပေါက်ကရ ပြောတဲ့စကားကို အခြေခံပြီး ရေးတင်တဲ့ သဘောပါပဲ။" ဟု သုံးသပ်ပြောဆိုသည်။


ပြည်ဖျက်မီဒီယာများတွင် အကြမ်းဖက်ခေါင်းဆောင် နှစ်ဦး သေဒဏ်စီရင်ခြင်းခံရမှုနှင့် ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့် လက်တုန့်ပြန်သည့် သတင်းများ ဖန်တီးရေးသားလာသည်ကို တွေ့မြင်ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)