အကြမ်းဖက်လှုံ့ဆော် ပြည်ဖျက်မီဒီယာ ၏ အာဘော်ကို တုန့်ပြန်ခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော် ပြည်ဖျက်မီဒီယာ ၏ အာဘော်ကို တုန့်ပြန်ခြင်း



ယနေ့နံနက် NLD အစွန်းရောက် အကြမ်းဖက် ခေါင်းဆောင် ၂ဦးကို သေဒဏ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီရင်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထွက်ပေါ်လာသည့် သတင်းအရ အကြမ်းဖက်လှုပ်ရှားသူများ၊ အကြမ်းဖက်လှုံ့ဆော်သူများ၊ ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ လုပ်ဆောင်လာမည်ကို ကြိုတင်သိရှိထားပြီး ဖြစ်သည့်အလျှောက် အကြမ်းဖက်ခေါင်းဆောင် ၂ဦးဖြစ်သည့် ဇေယျာသော်(ခ) မောင်ကျော် နှင့် ကျော်မင်းယု(ခ) ဂျင်မီတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုမှတ်တမ်းများကို အများပြည်သူ သိရှိနိုင်စေခြင်းငှာ ပြန်လည်ရေးသားဖော်ပြထားပါသည်။


နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများ၏ သရုပ်မှန်ကို သိရှိနားလည်ပြီးဖြစ်သည့် အလျှောက် ကြိုတင်ရေးသား တင်ပြပြီးနောက် ၎င်းတို့ သတင်းဌာနများတွင် ရေးသားဖြန်ဝေ လှုံ့ဆော်နေမှုများကိုလည်း လိုက်လံစစ်ဆေးကြည့်သည်။ အကြမ်းဖက် လှုံ့ဆော်မီဒီယာများထဲတွင် ဇောင်းကြွလွန်းသော သာလွန်ဇောင်းထက် ၏ Khit Thit ပြည်ဖျက်မီဒီယာတွင် ရေးသားဖြန့်ဝေနေမှုများကို စိစစ်ကြည့်ရာ ရန်ကုန်မြို့ရှိ မြန်မာ့အသံရုံးကို တိုက်ခိုက်နိုင်ခြင်းမရှိပါဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု လုပ်ကြံဖန်တီးရေးသားထားသည်ကို တွေ့မြင်ရသည်။


Khit Thit ပြည်ဖျက်မီဒီယာ၏ ရေးသားဖြန့်ဝေမှုတွင် "အယ်ဒီတာ့အာဘော်" ကဏ္ဍတွင် "တိုင်းပြည်အတွက် အသက်ပေးခဲ့သူ အာဇာနည်တို့ အတွက်  မင်းအောင်လှိုင်၊ စိုးဝင်း၊ စစ်ခေါင်းဆောင်များနှင့် အကြမ်းဖက်စစ်တပ်ကို မဖြစ်မနေ အမြစ်ဖြတ် ချေမှုန်း သေဒဏ်စီရင်ရမည်" ဟု ဆဲစာရေးသားထားသည်ကို တွေ့မြင်ရသည်။  အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်(ခ) မောင်ကျော် နှင့် ကျော်မင်းယု(ခ) ဂျင်မီ တို့ကို အာဇာနည်ပုဂ္ဂိုလ်များသဖွယ် ဖန်တီးရေးသား လှုံ့ဆော်ထားသည်ကို တွေ့မြင်ရသည်။


အပြစ်မဲ့ ပြည်သူများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေသော အကြမ်းဖက်သမားများကို အာဇာနည်ဟု တင်စားမည်ဆိုက NLD အစွန်းရောက် အကြမ်းဖက်သမားအားလုံးသည် အာဇာနည်ဖြစ်ရပေတော့မည်။ ထိုသို့ ရက်စက်ယုတ်မာသော အကြမ်းဖက်သမားများကို အာဇာနည်အဖြစ် သတ်မှတ်မည်ဆိုက တိုင်းပြည်လွတ်လပ်ရေးအတွက် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို ထောက်ထားရန်သင့်၏။ သို့သော် ပြည်ဖျက်မီဒီယာသည် အကြမ်းဖက်အားပေး လှုံ့ဆော်ရေးသားရခြင်းဖြစ်လေသောကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် မနှိုင်းအပ်သော အကြမ်းဖက်သမားများကို အာဇာနည် ဟု တင်စားရေးသားလေတော့သည်။


Khit Thit ပြည်ဖျက်မီဒီယာ၏ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုတွင် "အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက  ဇူလိုင်လ ၂၅ ရက်နေ့တွင်  ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ကြေညာသည်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့တွင် မိသားစုဝင်များနှင့် ပေးတွေ့ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း သေဒဏ်စီရင်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်သတင်းရပ်ကွက်များက ပြောဆိုကြသည်။ စီရင်သည့်နေ့၊ စီရင်သည့် နည်းလမ်းများကို အကြမ်းဖက်စစ်တပ်က အသေးစိတ်ထုတ်ဖော်ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်က တရားမဝင် အာဏာသိမ်း၍ လူသတ်ပြခြင်းဖြစ်သည်။ ထိုသို့ လူသတ်ပြခြင်းသည် တော်လှန်ရေး ပါဝင်နေကြသည့် ပြည်သူများကို ကြောက်ရွံ့စေရန် စံပြလုပ်ဆောင်ပြခြင်း လည်းဖြစ်သည်။ သို့သော် မင်းအောင်လှိုင်၊ စစ်ကောင်စီနှင့် အကြမ်းဖက် စစ်ခေါင်းဆောင်များ နားမလည်သည်က တော်လှန်ရေးသည် ကြောက်သည့်အဆင့်ထက်ကျော်လွန်၍ သွားနေသည်ကို နားမလည်တော့ခြင်းပင်ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်နယ်နှင့်တိုင်း ကျေးရွာများတွင် ပုံစံမျိုးစုံဖြင့် နေ့စဉ် ပြည်သူများကို သတ်ဖြတ်ပြနေသည်။" လုပ်ကြံဖန်တီး ရေးသားထားသည်ကို တွေ့ရသည်။


NLD ပါတီ၏ မဲလိမ်မဲခိုးမှုများကြောင့် တပ်မတော်က အစီအစဉ်မရှိဘဲ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရသည့် တစ်နှစ်ခွဲကျော်ကြာလ အတွင်း ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်၊ ဖောက်ခွဲတိုက်ခိုက်မှုအမျိုးမျိုး လုပ်ဆောင်နေသော ပါတီမှာ NLD ပါတီ တစ်ပါတီတည်းသာ ဖြစ်သည်။ NLD ပါတီနှင့် ၎င်း၏ မိတ်ဖက် ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးသမားများနှင့် ပြည်ဖျက်မီဒီယာများက ပြည်သူအများ အသိမှား အမြင်မှားဖြစ်အောင် တပ်မတော်အပေါ် နည်းမျိုးစုံစွာဖြင့် လုပ်ကြံဖန်တီး ရေးသားစော်ကား၍ ပြည်သူများကို လမ်းမှားရောက်အောင် ခေါ်ဆောင်ခဲ့ကြသည်။ တပ်မတော် ဦးဆောင်သည့် နစကအစိုးရက ပြည်သူများ လမ်းမှားမရောက်မိစေရန် ငဲ့ညှာခဲ့ကြသည်။ ငဲ့ညှာသနားသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မိစ္ဆာနိုင်ငံရေးသမားများနှင့် ပြည်ဖျက်မီဒီယာများက မိုးလုံးပြည့် မုသာဝါဒီများဖြစ်ဖြင့် လုပ်ကြံဖန်တီး ရေးသားလှုံ့ဆော်မှုများ ပြုလုပ်လာသည်သာမက ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် လက်နက်၊ ငွေကြေး ထောက်ပံ့ပေး၍ ပြည်သူများကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လာခဲ့ကြသည်။


ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေစိုးမိုးရေကို အလေးထားလုပ်ဆောင်လာရာ အစိုးရအဖွဲ့အတွင်းရှိ အကြမ်းဖက်အားပေး(ဖရဲသီးများ) ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမားတို့၏ လှုပ်ရှားဆောင်ရွက်မှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး တပ်မတော်ထိန်းသိမ်းဆောင်ရွက်ထားသည့် တစ်နှစ်ခွဲကြာလအတွင်း နေ့စဉ်ပျမ်းမျှ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (၅)(၆) ခန့်အထိ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ ထိုသို့ ပြည်ဖျက်မိစ္ဆာနိုင်ငံရေးသမားများနှင့် ပြည်ဖျက်မီဒီယာများ၏ ဝါဒဖြန့်လှုံ့ဆော်မှုကြေင့် အကြမ်းဖက်သမားများအဖြစ် ပါဝင်အသုံးတော်ခံနေကြသည့် လူယုတ်မာ၊ လူရမ်းကားများကို ဖရဲသီးများကြောင့် တိတိကျကျ အရေးယူဆောင်ရွက်နိုင်မှု အားနည်းခဲ့သည်။ နစက အစိုးရအဖွဲ့အစည်းအတွင်း ရှိနေသည့် ဖရဲသီးများက သတင်းအချက်အလက်များကို ပြည်ဖျက်မီဒီယာများထံ ပေးပို့၍ ပြည်ဖျက်လုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ရန် အားပေးကူညီခဲ့ကြခြင်းဖြစ်သည်။


Khit Thit ပြည်ဖျက်မီဒီယာ၏ ရေးသားလှုံ့ဆော်မှုတွင် "ပြည်သူလူထုရင်ထဲတွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာမှု ၊ ဖက်ဆစ်စစ်တပ်၏ လူမဆန်သော သတ်ဖြတ်မှုများကြောင့် ကြောက်ရွံ့မသွားဘဲ နာကြဉ်းမုန်းတီးခဲ့ကြပြီးဖြစ်သည်။ မည်မျှပင် စစ်တပ်က ယုတ်မာစွာဖြင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်စေကာမူ မကြောက်ရွံ့တော့ဘဲ အဆုံးတိုင် တော်လှန် အမြစ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည်။ လက်ရှိတွင် စစ်တပ်က အဆုံးတိုင် ယုတ်မာမှုအဖြစ် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေး ခေါင်းဆောင် ၄ ဦးကို သတ်ဖြတ်လိုက်ခြင်းသည် ပြည်သူလူထုကို ထပ်မံ စိန်ခေါ်ခြင်းပင်ဖြစ်သည်။ ပြည်သူများကို သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီသည် နောက်ဆုံးလမ်းကို ရွေးချယ်လိုက်ခြင်းလည်းဖြစ်သည်။ စစ်ကောင်စီက ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော သတ်ဖြတ်ယုတ်မာမှု သွေးကြွေးများစွာအတွက် မင်းအောင်လှိုင်၊ စိုးဝင်း နှင့်စစ်ခေါင်းဆောင်များကို ပြည်သူ့တရားရုံးရှေ့မှောက်တွင် သေဒဏ်ပေးစီရင်ရမည်ဖြစ်သာဖြစ်သည်။ " ဟု လှုံ့ဆော်ရေးသားထားသည်ကို တွေ့မြင်ရသည်။


ပြည်သူလူထုအပေါ် တပ်မတော်ကသာ ရက်စက်ယုတ်မာနေမည် ဆိုလျှင် ယနေ့အချိန်တွင် ပြည်ဖျက်မိစ္ဆာနိုင်ငံရေးသမား နှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်ရေးသားဖြန့်ဝေမှုများကို တွေ့မြင်ရတော့မည် မဟုတ်ပေ။ တပ်မတော်က ရက်စက်ယုတ်မာခြင်း မရှိဘဲ ဥပဒေစိုးမိုးရေးကိုသာ အလေးထား၍ လုပ်ဆောင်နေပြီး အောက်ခြေအဖွဲ့အစည်းများက နိုင်ငံတော်အကြီးအကဲများ၏ မူဝါဒများကို သွေဖြည်၍ NLD အစွန်းရောက် အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအပေါ် ရက်စက်ယုတ်မာခွင့်ရအောင် လမ်းဖွင့်ထားခြင်းကြောင့်သာ သံဃာတော်များနှင့် ဆရာ/ဆရာမများ၊ အပြစ်မဲ့ ပြည်သူများကို NLD အစွန်းရောက် အကြမ်းဖက်သမားက လုပ်ကြံသတ်ဖြတ်ခွင့်ရခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့ ရဟန်းရှင် ပြည်သူပေါင်း ၃၀၀၀ ကျော်အထိ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ပြည်ဖျက်မီဒီယာများတွင် ဒလန်၊ ပျူစောထီး၊ စစ်တပ်၏ ထောက်တိုင် ဟု စွပ်စွဲ၍ ဖော်ပြခဲ့သော လုပ်ကြံသတ်ဖြတ်မှုများသည် တပ်မတော်က သတ်ဖြတ်ခဲ့ခြင်းမဟုတ်ဘဲ NLD အစွန်းရောက် အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ကို ပြန်လည်လေ့လာဆန်းစစ်နိုင်ပါသည်။


အကြောင်းအကျိုး ယုတ္တိကင်းမဲ့စွာ ရေးသားဖြန့်ဝေထားသော Khit Thit ပြည်ဖျက်မီဒီယာ၏ အာဘော်တွေင် "တစ်နည်းအားဖြင့် အကြမ်းဖက် လူသတ်စစ်ကောင်စီမှ စစ်ခေါင်းဆောင်များနှင့် မိသားစုများ ပြန်လည် ပေးဆပ်ရမည့်  သွေးကြွေးမှာ ၎င်းတို့နှင့်၎င်းတို့၏ မိသားစုများကို ပြည်သူ့တရားရုံးရှေ့တွင် သေဒဏ်စီရင်ရန် သာဖြစ်သည်။ သွေးကြွေးသည် ဆွေးနွေးစရာ အကြောင်းမရှိသကဲ့သို့ စစ်တပ်ကျူးလွန်သော ပြစ်မှုတိုင်းအတွက် စစ်တပ်အမျိုးအနွယ်မှန်သမျှကို တရားရုံးတွင် စီရင် အပြစ်ပေးရမည်သာဖြစ်သည်။" ဟု အကြမ်းဖက် လုပ်ရပ်များ ပိုမိုဖြစ်ပေါ်လာစေရန် လှုံ့ဆော်ရေးသားထားသည်ကို ကြည့်ခြင်းအားဖြင့် ပြည်ဖျက်မီဒီယာ၏ သရုပ်မှန်ကို သိမြင်နားလည်သင့်သည်။


တည်ငြိမ်အေးချမ်းမှုလိုလားသော ပြည်သူများကို ၎င်းတို့ ထောက်ပံ့ပေးထားသည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ရန် တိုက်တွန်းရေးသားထားခြင်းဖြစ်သည်ကို သတိပြုသင့်သည်။ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများအနေဖြင့် အထူးသတိပြုရန်မှာ စိတ်ရိုင်းဝင်နေသော NLD အစွန်းရောက် အကြမ်းဖက်သမားများကို ပြည်ဖျက်မိစ္ဆာနိုင်ငံရေးသမားများနှင့် ပြည်ဖျက်မဒီယာများက အစဉ်သဖြင့် သွေးထိုးမြှောက်ပင့်ပေးနေသည်ဖြစ်ရာ အကြမ်းဖက်သမားများသည် ပစ်မှတ်ဟူ၍ သီးခြားမရှိဘဲ အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ပြီး နိုင်ငံတကာအထောက်အပံ့များကို ရယူနေသူများဖြစ်ခြင်းကြောင့် ပိုမိုသတိပြုကြရမည်။ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရမည်။


မိမိတို့ မြို့၊ရွာ၊ ရပ်ကွက် အတွင်းရှိ NLD အစွန်းရောက်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို မျက်ခြေမပြတ် အကဲခတ်၍ လက်ဦးမှုယူ ကာကွယ်နိုင်မှသာ အကြမ်းဖက်ဘေးအန္တရာယ်မှ ကင်းဝေးလိမ့်မည်။ NLD အစွန်းရောက် အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် နိုင်ငံတကာအထောက်အပံ့များကို ရယူစားသုံး၍ ဆင်ခြင်တုံးတရားကင်းမဲ့စွာ မင်းမဲ့စရိုက်ဆန်ဆန် ဆိုးသွမ်းမိုက်မဲနေမှုများကို လက်ပိုက်ကြည့်မနေကြဘဲ တာဝန်သိပြည်သူများပီပီ စုပေါင်းကာကွယ်ကြရန် ပြင်ဆင်ဆောင်ရွက်ထားရန် အထူး မေတ္တာခံ တိုက်တွန်းလိုသည်။


Khit Thit ပြည်ဖျက်မီဒီယာက "တိုင်းပြည်နှင့်ဒီမိုကရေစီ ရရှိရေး တော်လှန်ရေးအတွက် အသက်ပေးဆပ်သွားကြသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါ အဝင် ခေါင်းဆောင် ၄ ဦးတို့၏ ကျေးဇူးနှင့် အနစ်နာခံခဲ့မှုများအတွက် ပြည်သူလူထု တစ်ရပ်လုံးက  ဖက်ဆစ် စစ်တပ် တော်လှန်ရေးကို ဆက်လက် တိုက်ပွဲဝင်ရမည်ဖြစ်ပြီး မင်းအောင်လှိုင်၊ စိုးဝင်းနှင့်စစ်ခေါင်းဆောင်များ ၊ မိသားစုနှင့်အမျိုးအနွယ်များအားလုံးကို စစ်အာ ဏာရှင် မျိုးဆက် မကျန်သည်အထိ ၊ကျူပင်ခုတ် ကျူငုတ် မကျန် အမြစ်ပြတ်သည်အထိ ချေမှုန်းရမည်သာဖြစ်သည်။" ဟု ရေးသား လှုံ့ဆော်ထားသည်ကို တွေ့မြင်ရသည်မှာ ရယ်စရာဖြစ်နေသည်။ ၎င်းတို့ကိုယ်တိုင် တော်လှန်ရေးသတ္တိမရှိဘဲ ပြည်ပကို ထွက်ပြေးတိမ်းရှောင် ဘာသာခြား၊ လူမျိုးခြားများထံမှ ငွေကြေးအထောက်အပံ့ရယူပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ကြသည်။ ပြည်သူတွေရဲ့ အသက်ကို ဒေါ်လာနှင့် အလဲအထပ် လုပ်စားနေသူများက ပြည်သူတစ်ရပ်လုံးက တော်လှန်ရမည်ဟု လှုံ့ဆော်ရေးသားထားမှုသည် အလွန်ပြောင်မြောက်သော ဟာသ ဖြစ်နေပေသည်။


ပြည်သူအများ အတိဒုက္ခရောက်အောင် နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသော ပြည်ဖျက်မီဒီယာများ၏ ရေးသားလှုံ့ဆော်မှုများကြောင့် လမ်းမှားရောက်ခဲ့ရသူများကိုပင် နစကအစိုးရက ငဲ့ညှာထောက်သောအားဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံပေးခဲ့သည်။ ယနေ့ထိအောင်လည်း ပြည်ဖျက်မိစ္ဆာနိုင်ငံရေးသမားများနှင့် ပြည်ဖျက်မီဒီယာတို့၏ လှုံ့ဆော်မှုများကြောင့် CDM ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ဥပဒေဘောင်အတွင်း တည်ငြိမ်အေချမ်းစွာ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးနေမြဲပင် ဖြစ်သည်။


ဇေယျာသော် (ခ) ဂျင်မီ နှင့် ကျော်မင်းယု(ခ) ဂျင်မီတို့သည် ပြည်သူတစ်ဦးတစ်ယောက်တည်းကို သတ်ဖြတ်ခဲ့ကြသူများ မဟုတ်။ ၁၀ယောက် ၁၅ လောက်ကို သတ်ဖြတ်ခဲ့ကြသူများလည်း မဟုတ်။ အကြမ်းဖက်အဖွဲ့အစည်းများကို ဦးဆောင်၍ ပြည်သူ ရာပေါင်းများစွာကို သေကျေပျက်စီးအောင် လုပ်ဆောင်ခဲ့ကြသူများဖြစ်သည်။ အကြမ်းဖက်ခေါင်းဆောင် ၂ဦးအတွက် ပြည်ဖျက်မိစ္ဆာနိုင်ငံရေးသမားများနှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုများကြောင့် နစက ကို လက်တုန့်ပြန်မည်ဟု စိတ်ရိုင်းဝင်နေကြသည့် အကြမ်းဖက်သမားအနေဖြင့် သတိပြုဆင်ခြင်ရန်မှာ NLD အစွန်းရောက် အကြမ်းဖက်မသမားများ၏ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များအပေါ် နစက အစိုးရက သေဒဏ်ပေးခဲ့သည်မှာ ၄ဦးသာ ရှိသေးသည်။ NLD အစွန်းရောက် အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၃၀၀၀ကျော်ကို သေဒဏ်စီရင်ခဲ့ကြပြီး ဖြစ်သည်။ နစက နှင့် NLD ပါတီမှ ပေါ်ပေါက်လာသော CRPH, NUG ပြည်ဖျက်မိစ္ဆာနိုင်ငံရေးသမားများ မည်သူက ပို၍ ယုတ်မာရိုင်းစိုင်းသနည်း။ လူလိုတွေး၍ ဆင်ခြင်သတိပြုနိုင်ပါရန် အသိပေးတင်ပြလိုက်ရခြင်းဖြစ်ပါသည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)