လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးတို့၏ စတုတ္ထအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးတို့၏ စတုတ္ထအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ ဇူလိုင် ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့၏ စတုတ္ထအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်နှင့် AHA Centre အမှုဆောင်ညွှန်ကြားရေးမှူး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ တာဝန်ရှိသူများက Online ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။


အစည်းအဝေးပူးတွဲသဘာပတိ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အာဆီယံ အတွင်းရေးမှူးချုပ်၏  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများတွင် အဟန့်အတားများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှုပါ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အာဆီယံ Ad-hoc Support Team တို့ပူးပေါင်း၍ အဆိုပြုစီမံကိန်းများ ပြင်ဆင်ဖြည့်စွက် ရေးဆွဲခြင်းများကို ညှိနှိုင်း လုပ်ဆောင်လျက်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် ပူးတွဲသဘာပတိ၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးဆိုင်ရာ လုပ်ဆောင်မှုများကို အာဆီယံအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ယနေ့ အစည်းအဝေးတွင် ယခင်ဆောင်ရွက်ထားရှိခဲ့သော ကနဦးလိုအပ်ချက်ဆန်း စစ်လေ့လာမှု (PNA)ပါပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များအလိုက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းများ၊ အကြံပြုချက်များ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။ ထို့နောက်ဝန်ကြီးဌာန/ ဦးစီးဌာနများက အဆိုပြုထားသော စီမံကိန်း (၅) ခုကိုအတည်ပြုကြသည်။


ယင်းနောက် PNA အရ အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်သော စီမံကိန်းများ၊ ဆောင်ရွက်ဆဲ စီမံကိန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ AHA Centre၊ Ad-Hoc Support Team မှတာဝန်ရှိ သူများတို့က ဦးစားပေး စီမံကိန်းများအလိုက် ဆောင်ရွက်တိုးတက်မှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့် ထပ်မံပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် လုပ်ငန်းနယ်ပယ်အသစ်များနှင့် ဦးစားပေးစီမံချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်လက်ခံရေးအတွက် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေမှု အခြေအနေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်နေမှုကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)