ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုး ကို လိမ်လည်ထွက်ဆို တရားစွဲဆိုသည့် အမျိုးသမီး စာချုပ်စာတန်းများ အတုပြုလုပ်၍ အခွန်တိမ်ရှောင်ထားဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုး ကို လိမ်လည်ထွက်ဆို တရားစွဲဆိုသည့် အမျိုးသမီး စာချုပ်စာတန်းများ အတုပြုလုပ်၍ အခွန်တိမ်ရှောင်ထားဟုဆို





MNP ၊ ဇူလိုင် ၁၆

ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးအား လိမ်လည်ထွက်ဆို အမှုဖွင့်တဲ့ အမျိုးသမီးသည် စာချုပ်အတုပြုလုပ် အခွန်တိမ်းရှောင်ခြင်းများ ရှိနေကြောင်း ဖော်ထုတ်ရေးသားလာသည်ကို တွေ့မြင်ရသည်။


တရားစွဲဆိုခံထားရသော ဖြစ်စဉ်နှင့် ပတ်သက်၍ သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုး က တရားစွဲဆိုခြင်းခံထားရသော ဖြစ်စဉ်နှင့် ဆက်စပ်အကြောင်းအရာများကို သူ၏ လူမှုကွန်ရက်စာမျက်နှာမှ ရုပ်သံများ ထုတ်လွှင့်ပြောဆိုလျှက်ရှိပြီး လီဆည်၍ တရားစွဲဆိုထားခြင်းကြောင့် အဖမ်းမခံခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။


သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးအား တရားစွဲဆိုသူမှာ ဒေါ်ဝင်းမာအေး ဆိုသူဖြစ်ပြီး သူမနှင့် ပတ်သက်၍ "သူ့ယောကျ်ားကလည်း သူများအိမ်ပေါ်တက်နေပီး မဆင်းပေးလို့ အမှုဖြစ်နေသူပါ။ အခန်းလေးဆယ်ပါအိမ်ကို ဟော်တယ်အဖြစ်ပြင်ဆင်ချိန်မှာ စည်ပင်ခွင့်ပြုချက် မယူခြင်း၊ နိုင်ငံတော်ကိုအခွန်ဆောင်ရမှာ ဆိုးတော့ စာချုပ်အတုပြုလုပ်၍ အခွန်ရှောင်ခြင်း၊ EPC နဲ့ပေါင်းပီး မီတာနံပတ်တွေကိုနောက်ပြန်လှည့်ကာ မီတာခယူနစ်မတက်အောင် မီတာခိုးခြင်းများပါရှိကြောင်း၊ စုံစမ်းစစ်ဆေးအရေးယူသင့်ကြောင်း" ဖော်ထုတ်ရေးသား ထားသည်ကို တွေ့ရသည်။


ဒေါ်ဝင်းမာအေး ဆိုသူက ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူပေးပါရန် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုး အား တိုင်းကြားထားခြင်းဖြစ်ပြီး အခင်းဖြစ်နေ့က ရဲစခန်းတွင် တွေ့ဆုံရှင်းလင်း ခဲ့သည့်အခြေအနေနှင့် ပတ်သက်၍ သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးက "ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဘာမှမပတ်သက်တဲ့ ဒီအမှုနဲ့မဆိုင်တဲ့ ကျွန်တော့်အကြောင်းတွေ၊ ကျွန်တော့်နောက်ကြောင်းတွေ၊ ဒါတွေကိုပဲ ထပ်ခါ ထပ်ခါ ရေးနေကြတယ်၊ ပြောနေကြတယ်၊ ပုတ်ခတ်နေကြတယ်။ ရေးနေ ပြောနေ ပုတ်ခတ်နေသူတွေကို ကြည့်လိုက်တဲ့အခါတိုင်း သူတို့ရဲ့ အကောင့်တွေကို ဝင်ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ဘာကို သွားတွေ့ရလဲဆိုရင် တူညီတဲ့အချက်တစ်ခုကို သွားတွေ့ရပါတယ်။ ဘာအချက်လဲဆိုတော့ သူတို့ရဲ့ profile တွေ အကုန်လုံး ရဲရဲနီနေကြပါတယ်။ ဒေါ်စုကြည်ရဲ့ ပုံတွေ ပါနေကြပါတယ်။ ကျွန်တော့်ကို မကောင်းပြောပြီ၊ မကောင်းရေးပြီဆိုတဲ့ ပို့စ်၊ ကွန့်မန့် ဝင်ကြည့်လိုက်တာနဲ့ အဲဒီအကောင့်ရဲ့ ပိုင်ရှင်ဟာ ဒေါ်စုကြည်ကို ထောက်ခံတဲ့သူ တပ်မတော်ကြီးကို မုန်းတီတဲ့သူ တပ်မတော်ကြီးကို ပြိုကွဲဖို့ ကြံနေတဲ့သူ၊ NUG ရဲ့ ဖြစ်တည်မှုကို လက်သင့်ခံနေတဲ့သူ ဖြစ်နေတာ သွားတွေ့ရပါတယ်။ တစ်ဦးတည်း တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော် သေသေချာချာကို လေ့လာပြီးတော့မှ သေသေချာချာ ဆန်းစစ်ပြီးတော့မှ ဗီဒီယိုဖိုင်လေးကို လွှင့်တာပါ။" ဟု ပြောဆိုထားသည်။


အခင်းဖြစ်နေ့ က အခြေအနေနှင့် ပတ်သက်၍ သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးက "အခင်းဖြစ်တဲ့အချိန်မှာ ဒုရဲအုပ် ကျော်ကျော်ဝင်း ရောက်လာတယ်။ ကျွန်တော်နဲ့ ဝင်းမာနဲ့ကို ပြေလည်အောင် ဖြေရှင်းပေးသွားတယ်။ ဝင်းမာလည်း လက်သင့်ခံသွားတယ်။ သူ့အိမ် သူပြန်တယ်။ ကျွန်တော်ကလည်း ကျွန်တော့်အိမ် ကျွန်တော်ပြန်တယ်။ အဲဒီနေ့မှာ ဗဟန်းက ခေါ်တယ်။ ဝင်းမာက စခန်းမှူးအခန်းထဲမှာ ရှိနေတယ်။ ထင်အောင်ကျော်တို့က ကျွန်တော့်ကို ပိုက်ဆံပေးဖို့ ကိစ္စ၊ အလျော်ပေးဖို့ကိစ္စ တလုံးတည်း အလျော်ပေးဖို့ကိစ္စတွေ ညှိကြတယ်။ ဝင်းမာတို့လည်း ကျေကျေနပ်နပ်နဲ့ ပြန်သွားကြတယ်။ ပြီးတော့မှ ၁၃ ရက်နေ့ကြမှ ၄ရက်ကြာပြီးတော့မှ ကျွန်တော့်ကို ဒီလိုမျိုး မဟုတ်တန်းတရား ပုဒ်မတွေနဲ့ တရားစွဲတယ်၊ အမှုဖွင့်တယ်။ ထောင်ထဲ ရောက်အောင် ထည့်တယ်။ သို့သော် ကျွန်တော် ထောင်ထဲမရောက်ပါဘူး။ ရှောင်နေတဲ့ အတွက်ပါ။ ပြေးနေတယ်လို့ ကျွန်တော် မသုံးပါဘူး။ လက်သင့်ခံလို့ မရတဲ့အခြေအနေတစ်ခု၊ အမှန်တရားတစ်ခု မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော် ရှောင်နေတာပါ။ အဲဒီအချိန် အဲဒီအခြေအနေတုန်းက ဝင်းမာအေးတို့ ဘက်က ကျေကျေနပ်နပ် ရှိနေပါလျက်နဲ့ နောက်ထပ် ၄ရက် ကြာမှ ဒီလိုမျိုးပုဒ်မတွေနဲ့ တရားစွဲတယ်။ ထောင်ထဲကို ထည့်ဖို့ ကြိုးစားတယ်ဆိုတာဟာ ပုံမှန်မဟုတ်ဘူး။" ဟု ပြောဆိုထားသည်။

ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်နှင့် ပတ်သက်၍ သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးက "အရင်ကတော့ ကျွန်တော် ဖရဲသီးဆိုတာ သိပ်စိတ်မဝင်စားဘူး။ ကျွန်တော်နဲ့မှ မဆိုင်တာ။ အခု ကျွန်တော်နဲ့ ဆိုင်လာပြီ။ ဖရဲသီးဆိုတဲ့ ကိစ္စက။ ဗဟန်းစခန်းမှာ ရှိနေတဲ့ ရဲတွေအနေနဲ့က သမာသမတ်ကျခဲ့မယ်ဆိုရင် အရောင်ကွဲ၊ အရောင်စွဲ ကင်းခဲ့မယ်ဆိုရင် ဒီကိစ္စမှာ သူဒီလို မရပ်တည်ပါဘူး။ အခု ကျွန်တော် သုံးသပ်ကြည့်ရသလောက်ဆိုရင် သူတို့တွေ ဒီကိစ္စမှာ ဒီလိုရပ်တည်တယ်။ ကျွန်တော်မဟုတ်မှန်း သိလျက်နဲ့၊ ကျွန်တော် မလုပ်ခဲ့မှန်း သိလျက်နဲ့ ကျွန်တော်ကိုယ်တိုင်ရှင်းပြတာကိုလည်း သူတို့ လက်ခံခဲ့တယ်။ ဝင်းမာအေး ကိုယ်တိုင်ကလည်း ကျွန်တော်ရှင်းပြတာ မှန်တဲ့အကြောင်း စခန်းမှူးရုံးခန်းထဲမှာ လက်ခံခဲ့တယ်။ အေးအေးချမ်းချမ်း စခန်းကနေ ပြန်သွားတယ်။ ၄ရက်ကြာမှ ဒီလိုပုဒ်မတွေနဲ့ အမှုဖွင့်တယ်ဆိုတာ ဗဟန်းစခန်းမှာ ရှိနေကြတဲ့ စခန်းမှူး၊ ရဲအုပ် ထင်အောင်ကျော်၊ ဒုရဲအုပ် ကျော်ကျော်ဝင်း၊ ကျွန်တော့်ကို တရားစွဲတင်တဲ့ ရဲအုပ် စောအုပ်ထန် သူတို့တွေကိုယ်တိုင် အရောင်စွဲ ကင်းကြရဲ့လား၊ သူတို့တွေကရော ဖရဲသီးဖြစ်နေကြသလားဆိုတာကို ကျွန်တော် သံသယဝင်ပါတယ်။" ဟု ပြောဆိုထားသည်ကို တွေ့မြင်ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)