MNP ၊ ဇူလိုင် ၁၇
ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင် ၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများ၊ထူးချွန် အောင် သင်ကြားပေးခဲ့သောဆရာ၊ဆရာမများ၊နှင့်ထူးချွန်ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျိုက်ထိုမြို့ မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် ( ၁ )အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင်ကျိုက်ထို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်ကေသီခိုင် က အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူ သင်ကြားခဲ့ကြကာ ယခုလို အောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်တည်ဆောက်ရာ တွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစား ကြရန်လို ကြောင်း၊ ထို့အပြင် ယခုလို မြို့နယ် အတွင်း အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသူများအားလုံးကို မြို့နယ် ကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျိုက်ထိုမြို့ နယ်၏ အောင်ချက်မြင့်မားရေးအတွက် စီမံဆောင်ရွက် ခဲ့မှု အခြေအနေများနှင့် ဆက် လက်ဆောင်ရွက်မည့်အခြေအနေများ ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဂုဏ်ပြုဆုများချီးမြှင့်နိုင်ရေးအတွက် အလှုငွေလှူဒါန်းပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ထူးချွန်ဆုများအား ချီးမြှင့်ရာ မွန်ပြည်နယ်အဆင့်တွင် ဝိဇ္ဇာဘာသာတွဲ အမှတ်များဆုံးအဆင့်(၅)ထူးချွန်ဆု ၊ မြို့နယ် အဆင့် အောင်ချက်အကောင်းဆုံးဆုရ ကျောင်းဆုများ၊ ဂုဏ်ထူးအများဆုံးရ ကျောင်းဆု၊ ဘာသာရပ်အလိုက် ဂုဏ်ထူး အများဆုံးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများတို့ အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ "တေးသီးချင်းနှင့် အထက(ရွှေဥဩ)မှ ကျောင်းသား ကျောင်းသူများက ပန်းများဝေစည်ပွင့်နေသည် "တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၆)ခုဖွင့် လှစ်ပြီး ကျင်းပပြုလုပ်ခဲ့ရာ ဝင်ရောက်ဖြေဆိုသူ (၁၀၃၀)ဦးအနက် အောင်မြင်သူ (၅၂၅)ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ( ၅၀.၉၇ ) ရာခိုင်နှုန်းရရှိခဲ့ပြီး (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၉)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၅၉)ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၂၂၁)ဦးရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ဂုဏ်ထူး ရရှိသူ ဦးရေသည် ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရ ဦးရေထက် (၆၉)ဦး တိုးတက် လာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment