တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်


MNP ၊ ဇူလိုင်  ၁၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် တိရစ္ဆာန်ကူးစက် ရောဂါ ဖြစ်ပွါးကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ရက်သတ္တပတ်သတ်မှတ်ဆောင်ရွက်လျက်ရှိရာ သံတွဲမြို့နယ်တွင် ယမန်နေ့ နံနက်မှစ၍ တောင်ညိုကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ မာမာအေး၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်သူ တို့က တိရစ္ဆာန်ကူးစက်ရောဂါများဖြစ်သော ခွါနာ လျှာနာရောဂါ၊ အရေပြားအကျိတ်ရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများနှင့်ပတ်သက်၍ ပြည်သူ များအား အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ကျွဲ၊နွားအကောင်ရေ (၁၅၀)အား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုင်းရင်းကြက်များအား အိုင်တူးမျက်စဉ်းခပ်ပေးခြင်းနှင့်ဝက်ခြံပိုးသတ်ဆေးဖြန်း သရုပ်ပြခြင်းများကို အသိပညာပေး ပြသခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ၊ ကျေးရွာတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း ဒေါက်တာကောင်းမြတ်သူ ထံမှသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)