ရွှေပြည်သာ ၁၅ရပ်ကွက် မှ ရာအိမ်မှူး ၂ဦးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေပြည်သာ ၁၅ရပ်ကွက် မှ ရာအိမ်မှူး ၂ဦးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်



MNP ၊ ဇူလိုင် ၁၇

ယနေ့ နံနက် ၉ ၃၀ အချိန်ခန့်က ရွှေပြည်သာမြို့နယ် အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးရှိ လဖက်ရည်ဆိုင် တွင် ရာအိမ်မှူး ၂ဦးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။


NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့်  ရာအိမ်မှူး ၂ဦး (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


ရန်ကုန်မြို့ပေါ်တွင် လက်နက်ကိုင် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအတွက် တာဝန်ရှိသူများက မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း  ရှင်းလင်းပြောဆိုခဲ့သော လက်နက်ကိုင်ဆောင်ခွင့်ကို ပြည်ထဲရေးဌာနအနေဖြင့် အုပ်ချုပ်ရေးရုံးများ၊ အုပ်ချုပ်ရေးမှူးများအတွက် စဉ်းစားဆောင်ရွက်ပေးနိုင်ရန် ပြောဆိုလာကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)