သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စကားပုံဆက်၊ ဆေးရောင်ခြယ်နှင့် ပြိုင်ပွဲ အစီအစဉ်များ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စကားပုံဆက်၊ ဆေးရောင်ခြယ်နှင့် ပြိုင်ပွဲ အစီအစဉ်များ ပြုလုပ်




MNP ၊ ဇူလိုင်  ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စကားပုံဆက်၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲနှင့် ကလေးများပျော်ရွှင်စရာအစီအစဉ်များကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


ကလေးများပျော်ရွှင်ဖွယ်ရာအစီအစဉ်များ ကျင်းပရာတွင် မူလတန်း ကျောင်းသားကျောင်းသူ (၁၅) ဦးတို့က စကားပုံဆက်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ခါးကွင်းလှည့်ခြင်း၊ ဂိမ်းများကစားခြင်း၊ စာဖတ်စွမ်းရည်ယှဉ်ပြိုင်းခြင်း စသည်တို့ကို တပျော်တပါး ပါဝင်ကစားခဲ့ကြပြီး သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။


သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများအသိပညာတိုးပွားပြီး ဉာဏ်ရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ပြီး အနာဂတ်၏ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးတို့အတွက် ယခုကဲ့သို့ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များ၊ အသိပညာပေးဟောပြောခြင်းများ၊ စာအုပ်စာစောင်ပြသခြင်းများ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများတို့ကို လစဉ်ပုံမှန် စဉ်ဆက်မပြတ် ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)