ကျိုက်ထိုမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ရေပြင်အသက်ကယ် သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ရေပြင်အသက်ကယ် သရုပ်ပြပွဲကျင်းပ





MNP ၊ ဇူလိုင် ၁၇         

ကျိုက်ထိုခရိုင် ၊ကျိုက်ထိုမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရေပြင်အသက်ကယ်သရုပ်ပြပွဲ ကို ကျိုက်ထိုမြို့ နယ် မြောက်ပိုင်း ရပ်ကွက် ကဒက်ချောင်း ရေထိန်းတံခါး ၌ ဇူလိုင်(၁၆) ရက် မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

          

သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ကိုယ်စား)ဒုတိယ မြိုနယ် အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအနေဖြင့် ရေပြင်အသက်ကယ်သရုပ်ပြပွဲကိုပြုလုပ်ထားခြင်းဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့လာပါက ကာကွယ်နိုင်မည့်နည်းလမ်းများကိုသိရှိလာနိုင်ကြောင်းတို့ကိုပြောကြားခဲ့သည်။

            

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲညွန့်ထွေးမှ ရေပြင်ကယ်ဆယ်ရေးသရုပ်ပြဆောင်ရွက်မည့်အစီအမံများကိုရှင်းလင်းပြောကြားပြီး ၊ဦးတင်ထွေး (မီးသတ်ဦးစီးမှူးအငြိမ်းစား)မှ ရေပြင်ခရီးသွားလာရာတွင်အသက်ကယ်အင်္ကျီဝတ်ဆင်သင့်ရန်နှင့် ဝတ်ဆင်ပုံနည်းလမ်းများကိုပြောကြားခဲ့သည်။


ဆက်လက်၍‌ ရေပြင် အသက်ကယ် သရုပ်ပြပွဲကိုစတင်ခဲ့ရာ  ရေနစ်သူအား Bout ကွင်းဖြင့် ကယ်ဆယ်ခြင်း၊ရေနစ်သူအားအသက်ကယ်တပ်ဖွဲ့ဝင်များမှကယ် ဆယ်ခြင်း၊ရေနစ်သူအားအသက်ကယ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ခြင်း၊ရေငုပ်ဝတ်စုံ Dive Soit အသုံးပြု၍ရေငုတ်ရှာဖွေခြင်း၊ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရေကူးကျွမ်းကျင်မှုသရုပ်ပြခြင်း၊ကယ်ဆယ်ရေးစက်လှေ(Assault Boat)ဖြင့်မောင်းနှင်သရုပ်ပြခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)