ဂွမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်




MNP ၊ ဇူလိုင်  ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုအသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ဇူလိုင် ၁၆ ရက် နံနက် (၁၀) နာရီက ဂွမြို့ ၊ မဒေါ့ကြောကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 ထိုသို့ ဆောင်ရွက်ရာတွင် ဂွမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါက်တာ ပိုင်စိုးဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားပါဝင်သည့် အဖွဲ့သည် မွေးမြူရေး တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွါး ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၁-၇-၂၀၂၂)ရက်နေ့မှ(၁၇-၇-၂၀၂၂)ရက်အထိ " တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်" အဖြစ် မဒေါ့ကြောကျေးရွာအုပ်စုအတွင်းရှိ မွေးမြူသူတောင်သူများအား ကျွဲနွားအရေပြားအကျိတ်နာရောဂါ၊ ခွာနာလျှာနာရောဂါ အကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ကျွဲနွားများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ကျွဲနွားအကောင် (၁၀၀ )အား ခွာနာလျှာနာ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။ 


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)