လက်ခုပ်ထဲကမုန်တိုင်း ရသ ဝတ္ထုစာအုပ်မိတ်ဆက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ခုပ်ထဲကမုန်တိုင်း ရသ ဝတ္ထုစာအုပ်မိတ်ဆက်ပွဲကျင်းပ




                                      

MNP ၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဒေသခံစာရေး ဆရာ ဇော်မင်းထွန်း(သံတွဲ)နှင့် ဆရာအောင်(လုံးသာမြေ)တို့ ရေးသားထုတ်ဝေသည့် “လက်ခုပ်ထဲကမုန်တိုင်း” ဝတ္ထုရှည်၊  ဝတ္ထုလတ် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သံတွဲမြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)ဥက္ကဌ ဆရာအောင်(သံတွဲ) က အဖွင့်အမှာစကားပြောကြားပြီး သံတွဲမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မောင်လူအေး (စီးပွါးရေး)မှ မုဒိတာစကားပြောကြားခဲ့သည်။ထို့နောက် သံတွဲမြို့နယ်စာရေးဆရာအသင်းဥက္ကဌ “လက်ခုပ်ထဲကမုန်တိုင်း” စာအုပ်မှ “လက်ခုပ်ထဲကလရောင်” ဝတ္ထုရေးသားသူ ဆရာဇော်မင်းထွန်း (သံတွဲ)က ယခုစာအုပ်ထုတ်ဝေရခြင်းနှင့်စပ်လျဉ်း၍  မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ဆရာအောင် (လုံးသာမြေ)က “လက်ခုပ်ထဲကမုန်တိုင်း” အမည်ရှိ ရသဝတ္ထုရှည်စာအုပ် ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်အမှာစကားပြောကြားခဲ့ကြသည်။

ထို့နောက် ဆရာမကျည်းကျွန်းသား-စိုးရွှေနှင့် စာပေဝါသနာရှင်များက “လက်ခုပ်ထဲကမုန်တိုင်း” ရသ ဝတ္ထုစာအုပ်မှ“လက်ခုပ်ထဲကမုန်တိုင်း”ဝတ္ထုနှင့်“လက်ခုပ်ထဲကလရောင်”ဝတ္ထုများအပေါ်စာဖတ်သူများ၏ ရင်တွင်းခံစားချက်များအားအပြန်အလှန်အကြံပြုဆွေးနွေးခဲ့ကြသည်။ဆက်လက်၍ “လက်ခုပ်ထဲကမုန်တိုင်း” စာအုပ်ရေးသားထုတ်ဝေသူ ဆရာဇော်မင်းထွန်း (သံတွဲ)နှင့် ဆရာအောင်(လုံးသာမြေ)တို့က သံတွဲခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်များပေးအပ် လှူဒါန်းကြရာ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ် က လက်ခံရယူခဲ့သည်။ ၎င်းနောက် စာအုပ်မိတ်ဆက်ပွဲတက်ရောက်လာကြသည့် ဒေသခံစာရေးဆရာများနှင့် စာပေဝါသနာရှင်များအား စာအုပ်များ လက်ဆောင်ပေးခဲ့ကြပြီး   ဆရာ ဇော်မင်းထွန်း(သံတွဲ)က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)