MNP ၊ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ တပ်တောင်မြို့၌ အ သက် (၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသားကျောင်း သူများအား ယနေ့ နံနက်က အခြေခံပညာ အထက်တန်းကျောင်း စုရပ်တွင် ပထမ အကြိမ်က ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများထိုးနှံထားခြင်းမရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Second Dose များအားထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ကျေးလက်ကျန်း မာရေးဌာနမှ တာဝန်ရှိသူများ ဆရာ/ဆရာမများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များပူးပေါင်း၍ကာ ကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား/ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား မိဘအုပ်ထိန်း သူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Second Dose)အား စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment