MNP ၊ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များ စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) (Youth Club) အဖွဲ့များစုစည်းပြီး ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင်စာရေးဆရာမောင်ခင်မင် ရေးသားသည့် ပြည်သူအတွက်မြန်မာစကားပြေစာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းသည် လူငယ်များအတွက် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်စုံစွာရရှိစေရန်၊ အများသူဌာရှေ့မှောက်တွင် ပြောဆိုတတ်သည့် အလေ့အကျင့်များရှိလာစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ယခုလိုစာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်စာပေချစ်မြတ်နိုးသူ (Book Club) (Youth Club)အဖွဲ့ဝင် မောင် ကျော်ဇော်ဝင်းက ပြည်သူအတွက်မြန်မ စကားပြေစာအုပ်ထဲမှ စကားပြေကို ထိ ရောက်စွာအသုံးပြုရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မင်းစိုးဌေးက စကားပြေသည် ပြည်သူ့အသုံးအဆောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နေမျိုးဝင်းက အရေးမှား အသုံးမှား စကားများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment