MNP ၊ ဇူလိုင် ၁၇
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၅) နှစ်မြောက် အာဇာနည်နေ့ အကြောင်းသိ ကောင်းစရာ အသိပညာပေး ဟောပြောခြင်း၊ စာအုပ်ပြပွဲ ၊ နံရံကပ်စာစောင်ပြပွဲနှင့်ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၁)နာရီကငပလီမြို့ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊စာကြည့်တိုက်ခန်း၌ ကျင်းပခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းနုကပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ ပြိုင်ပွဲဝင်ကျောင်းသား/သူများသို့ ရှင်းလင်းပြောကြားပြီးဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟော ပြောခဲ့သည်။
အဆိုပါတက်ရောက်လာသည့်ကျောင်း သား /ကျောင်းသူများက ငပလီမြို့ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများ၏ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာ စောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ပေးထားမှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment