ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)အရှိန်အဟုန်မြှင့် ကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)အရှိန်အဟုန်မြှင့် ကွင်းဆင်းထိုးနှံ

 



MNP - ဇူလိုင်  ၅


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ကာကွယ်ဆေး လွမ်းခြုံမှုရှိစေရန်၊ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများအပြင် ကိုယ်ပိုင်သင်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသား/ ကျောင်းသူများ (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မဟာသရဖူ ကိုယ်ပိုင်သင်တန်းကျောင်း၊ ထူးထက်ကျော်ကိုယ်ပိုင်ကျောင်းနှင့် မလစ်အရှေ့ကျေးရွာကြာနီကန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အမှတ်(၅)မူလတန်းလွန်ကျောင်းတို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးမှုလုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ၎င်းဆေးထိုးနှံသည် ကိုယ်ပိုင်သင်တန်းကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူအသက် ၅ နှစ်မှ ၁၂ နှစ်ရှိသူများကို သတ်မှတ်နေရာများ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အရှိန်အဟုန်မြှင့်ကာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည် ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်း‌တော်ကြီးသင် ပညာ‌ရေးကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား‌ ကျောင်းသူများအား ယမန်နေ့က ဆေးထိုးနှံပေးပြီးသူ မဟာသရဖူကိုယ်ပိုင်သင်တန်းကျောင်းမှ ကျောင်းသား/သူ (၃၆၀)ဦး၊ ထူးထက်ကျော် ကိုယ်ပိုင်ကျောင်းမှ(၁၆၃)ဦး၊ အမှတ်(၅)မူလတန်း လွန်ကျောင်း(၅၂)ဦးနှင့် မလစ်အရှေ့ကျေးရွာကြာနီကန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ(၁၁၀)ဦး စုစုပေါင်း(၆၈၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


သတ်ငး - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)