နာဂဒေသ၊ လဟယ်မြို့တွင် အပတ်စဉ်ဗုဒ္ဓဘာသာ သင်တန်းကျောင်း ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသ၊ လဟယ်မြို့တွင် အပတ်စဉ်ဗုဒ္ဓဘာသာ သင်တန်းကျောင်း ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ ကျင်းပ



MNP - ဇူလိုင်  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်း ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း သာသနာ့ပါလဓမ္မဗိမာန်တော်၌ ကျင်းပပါသည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပါသည်။ ထို့နောက် သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဗဟိုသာသနာပြုခေါင်းဆောင် ဆရာတော်ဘဒ္ဒန္တသုမနအရှင်သူမြတ်ထံမှ (၅) ပါးသီလ ခံယူဆောက်တည်ကြပါသည်ပြီး ဗဟိုသာသနာပြုခေါင်းဆောင်ဆရာတော်က ဩဝါကထာမိန့်ကြားပါသည်။


ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူက ဝမ်းမြောက်ကြောင်းစကားလျာက်ထားပြီး သင်တန်းဖွင့်ပွဲကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းပါသည်။


အဆိုပါ အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်း ဓမ္မစကူးလ်သင်တန်းကို ယခုအပတ်ကစ၍ (၂၇) ပတ်ကြာ ပို့ချသွားမည်ဖြစ်ပြီး KG တန်းမှ (Grade-7) အတန်းအထိ ကျောင်း/သူ (၄၀၀) ဦးခန့် တက်ရောက်နေကြောင်း သိရသည်။ သင်တန်းသား/သူများကို အပတ်စဉ်အာဟာရ ဒါနကို ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများ ပူးပေါင်း၍ အပတ်စဉ် ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - လဟယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)