ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာဖတ်ဝိုင်းကျင်းပ

 



MNP - ဇူလိုင်   ၂၄


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား သိသင့်သိထိုက်သောအကြောင်းအရာ အချက်အလက် အခြေအနေများနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး အတွေးအခေါ် အမျှော်အမြင်များ ရင့်ကျက်လာ၍ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်လာနိုင်စေရေး သုတ ရသ စာအုပ်စာစောင်များအား အစဉ်အမြဲဖတ်ရှုလေ့လာတတ်သော ဝါသနာနှင့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာဖတ်စာငှားခြင်း လုပ်ငန်းများ မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်စာငှားခြင်းနှင့် စာဖတ်ဝိုင်းများအား ပြုလုပ်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။


၎င်းဦးစီးဌာနအနေဖြင့် မိဘပြည်သူများအား အဆိုပါဝန်ဆောင်မှုလုပ်ငန်းများအား စဉ်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များအား ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ Book Club အဖွဲ့ဝင်များစာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး စာကြည့်တိုက်မှူး ဒေါ်ဇာခြည်ဝင်းက ဦးဆောင်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း ခေါင်းစဉ်ပါစာအုပ်မှ ဆောင်းပါးများဖြစ်သည့် ရှားလော့ဟုမ်းလည်းမှားတာပဲ၊ မှားမှာကိုမကြောက်ပါနဲ့၊ အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့်အမြင်များ၊ စသည့်‌ခေါင်းစဉ်ပါဆောင်းပါးများအား Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းအလှည့်ကျဖတ်ရှု၍ မိမိတို့၏ထင်မြင်ယူဆချက်များအား အပြန်အလှန် ပြန်လည်ပြီးဆွေးနွေးကြကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)