MNP ၊ ဇူလိုင် ၁၈
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုစာအုပ်ပြပွဲကို ယနေ့နံနက်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။
အဆိုပါစာအုပ်ပြပွဲတွင် မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှု ဆိုင်ရာများ ၊ အတ္ထုပ္ပတ္တိစာအုပ်များ နှင့် သုတ၊ ရသစာအုပ် ၃၅၀ခန့်ကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများ ၊ ပြည်သူများနှင့် စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များ လာရောက်ကြည့်ရှု လေ့လာကြရာ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်က စာအုပ်ပြပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ခင်းကျင်းပြသခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment