အုတ်တံတိုင်း ခြံစည်းရိုး ပြိုကျမှုကြောင့် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တံတိုင်း ခြံစည်းရိုး ပြိုကျမှုကြောင့် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်



MNP - ဇူလိုင်   ၂၃


မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းခြံစည်းရိုး ပြိုကျမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများကိုယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်လူမှုရေးဝန်ကြီးက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သဘာဝဘေးဖြစ်စဉ်ဖြစ်ပွားမှုကြောင့် သေဆုံးသူ မိသားစုဝင်များအား လူမူရေးဝန်ကြီး ဦးမြတ်သွင်နှင့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က အားပေးနှစ်သိမ့်စကားများပြောကြားကာ  မွန်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလူမူရေး ဝန်ကြီး ဦးမြတ်သွင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က အားသေဆုံးသူ (၅)ဦး၏ မိသားစုဝင်များအား တစ်ဦးလျှင်(၃)သိန်း ကျပ်၊ ထိခိုက်ဒဏ်ရာရရှိသူ(၁)ဦးအတွက်(၁)သိန်းကျပ်နှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှသေဆုံးသူတစ်ဦးလျှင် (၃)သိန်းကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦး အတွက် (၅)သောင်းကျပ် စုစုပေါင်း ထောက်ပံ့တန်ဖိုးငွေ  ၃၁၅၀၀၀၀/- တို့အား သေဆုံးသူများ၏ မိသားစုလက်ဝယ်အရောက် ‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)