လွိုင်ကော်မြို့၌ ၂၀၂၂ ခုနှစ်၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်ကော်မြို့၌ ၂၀၂၂ ခုနှစ်၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP - ဇူလိုင်  ၂၃


၂၀၂၂ ခုနှစ်၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားက စားဝါသနာရှင် များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အား ပြိုင်ဝင်အသင်းများက အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် အားကစားဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ကယားပြည် နယ်၏ အားကစားကဏ္ဍ ဘက်စုံတိုးတက်မြင့်မားလာစေရန်အတွက်  ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ အားကစား ဆင့်အတန်း မြင့်မားလာစေရေးနှင့် အားကစား ထူးချွန်သူလူငယ်များ  စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ပြည်နယ်ဖူဆယ် လက်ရွေးစင်အသင်းအတွက် အရည်အချင်းပြည့်ဝသည့် အားက စားသမားကောင်းများစိစစ်ရွေးချယ်သွားမည်ဖြစ်သောကြောင့် ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အားကစားစိတ်ဓါတ် အပြည့်အဝမွေးမြူ၍ ယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းတွင် အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ပြိုင်ပွဲဝင် ဖူဆယ်အားကစား အသင်းသားများအား ရင်းနှီးစွာလိုက်လံနှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲဝင်အသင်းသားများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါ ကယားပြည်နယ် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း (၁၂)သင်းပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပြိုင်ပွဲအား  ဇူလိုင်လ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)