စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် (GDP) အပေါ် ပထမ(၃)လပတ် အကောင်အထည်ဖော်နိုင်မှုအခြေအနေအား ရှင်း လင်းဆွေးနွေးပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် (GDP) အပေါ် ပထမ(၃)လပတ် အကောင်အထည်ဖော်နိုင်မှုအခြေအနေအား ရှင်း လင်းဆွေးနွေးပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

 




MNP - ဇူလိုင်  ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် (GDP)အပေါ် ပထမ(၃)လပတ် (ဧပြီလမှဇွန်လအထိ) အကောင်အထည်ဖော်နိုင်မှု အခြေအနေအား ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌတို့က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စုစုပါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)၊  ဒေသန္တရစီမံကိန်းအပေါ် ပထမသုံးလပတ် (ဧပြီလမှ ဇွန်လအထိ)အထိ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအခြေအနေကို ရှင်းလင်း ဆွေးနွေး ရခြင်းဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်မှုကို သုံးသပ်ပါက လျာထားချက်အပေါ် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်သကဲ့သို့ လျာထားချက် အတိုင်းအပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် လိုအပ်မှုများလည်း တွေ့ရှိရပါကြောင်း၊ ဌာနဆိုင်ရာများနဲ့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များအနေနှင့် မိမိတို့နဲ့ သက်ဆိုင်သည့်ကဏ္ဍ အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၏ အားသားချက်များကို ဆက်လက်ထိန်းသိမ်းပြီး၊ အားနည်းချက်များကို အချိန်မီရှာဖွေ ဖော်ထုတ်ပြုပြင်ကာ စီမံကိန်းလျာထားချက်များကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏  GDP ဒေသန္တရစီမံကိန်း လျာထားချက်ဖြစ်သည့် စီးပွားရေးတိုးတက်မှုနှုန်း (၄.၂) ရာခိုင်နှုန်းကို ယခုဘဏ္ဍာရေးနှစ်ကုန်မှာ ရရှိနိုင်အောင် ကဏ္ဍအလိုက်၊ ဒေသအလိုက် သက်ဆိုင်သည့်ဌာနများ၊ အဖွဲ့များအားလုံးမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် ပထမ(၃)လပတ်(ဧပြီလမှဇွန်လအထိ) အကောင်အထည်ဖော်နိုင်မှု အခြေအနေအား Power Point ဖြင့် ရှင်း လင်းတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် ပထမ(၃)လပတ်(ဧပြီလမှဇွန်လအထိ)အကောင်အထည်ဖော်နိုင်မှု လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအလိုက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်သုံးသပ်တင်ပြကြပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)