MNP ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေးဟော ပြောပွဲကို ဇူလိုင် ၂၂ ရက်နေ့ နေ့လယ်(၁၂)နာရီအ ချိန်က အ ထ က(မြေပုံ)ကျောင်း ဦးစိန္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ ထ က(မြေပုံ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦး မောင်လှခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစံညွန့်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအခန်းတို့ပါအချက်အလက်များ ၊ ကုန်စည်တွေကိုထုတ်လုပ် ဖြန့်ဖြူးရောင်းချရာတွင်ပါဝင်ရမည့်အချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို ၍တွဲလျက်ဖေါ်ပြရမည့်အချက်များကို ကျောင်း သား/သူများအားဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦး စီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်မျိုးဆွေက လူငယ်နှင့်ခေါင်းဆောင်မှုစွမ်းရည်ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများအား အကျယ်တဝင့်အသိ ပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment