MNP ၊ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၂)မြို့မ ကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြို ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃) နာရီအချိန်က အဆိုပါကျောင်းရှိ ပညာဝတီ ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၂) မြို့မကျောင်း ကျောင်းအုပ် ဆရာမကြီး ကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ရီရီသိန်းက (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဧကာ ဒသမတန်းမှ မောင်ကောင်းမြတ်စည်သူက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား လည်းကောင်း၊ ဒသမတန်းမှ မသီရိစိုးစံက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတ္တိအမိုင်း ကြောင်းအားလည်းကောင်း၊ သတ္တမတန်းမှ မခိုင်စုလတ်က အာဇာနည်ကိုးဦး၏ အကြောင်းအား လည်းကောင်း အသီးသီးဟောပြောခဲ့သည်။ ဆက်လက်၍ အလယ်တန်းပြဆရာ ဦးမြသန်းက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အား မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများ အသိစေရန်နှင့်အသိပညာဗဟုသုတများတိုးပွားလာစေရန် အတွက် ဟောပြောပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊အလက(၂)မြို့မ မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ အင်အား(၈၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment