ငပလီမြို့၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ



MNP ၊ ဇူလိုင်  ၁၇

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ငပလီမြို့တွင် (Youth Club)အဖွဲ့ဝင်များနှင့် စာရေးဆရာလယ်တွင်းသားစောချစ်ရေးသားသောပန်းလိုချင်အပင်ပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ငပလီမြို့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ခန်း၌ ယနေ့မွန်းလွဲ (၁ )နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန်းနုက အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ၊ ပြန်/ဆက်ပြည်သူ့စာကြည့်တိုက် များတွင် စာအုပ်စာ စောင်များ အခမဲ့ငှားရမ်းဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ် သွေးထက် မြက်လာစေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။ 

ထို့နောက် (Youth Club)အဖွဲ့ဝင် မောင်သူရိန်ထွန်း၊ မောင်အောင်ကျော်ကျော်နှင့် မထက်ထက်စိုး တို့က လယ်တွင်းသားစောချစ်ရေးသားသော ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်ထဲမှ  ကလေးနှင့် ပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိဘဆရာပူးပေါင်း ကလေးပညာကောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိဘဆရာရိုသေပါ ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် (Youth Club)အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)