နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံ



MNP - ဇူလိုင်   ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လနှင့်ဧပြီလများတွင် Covishield (အိန္ဒိယဆေး)နှင့် (၇-၈-၂၀၂၁)ရက်နေ့မှ (၃၀-၄-၂၀၂၂) ရက်နေ့တွင် ကာကွယ်ဆေး အကြိမ်ပြည့် (၂)ကြိမ်ထိုးနှံနိုင်ခဲ့သည့် နိုင်ငံဝန်ထမ်းများ၊ အသက်(၁၈)နှစ်အထက်ပြည်သူများအား တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး၊ အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ် အထက်ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းပြင်ပပြည်သူ များကို ပထမအကြိမ်ကာကွယ်ဆေး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အသီးသီးတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဇူလိုင်လ ၂၇ရက် နံနက်ပိုင်း(၉)နာရီအချိန်မှစ၍ နောင်ချိုမြို့ ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား နောင်ချိုမြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် ကျေးရွာအုပ်စုများတွင် သက်မှတ်ရက်များအတိုင်း နံနက်(၉)နာရီမှ မွန်းတည့် (၁)နာရီထိ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)