ကွန်ကရစ်ပစ္စည်းများ မှာယူသုံးစွဲသူများပြားလာ၍ လုပ်ငန်းရှင်များအဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ကရစ်ပစ္စည်းများ မှာယူသုံးစွဲသူများပြားလာ၍ လုပ်ငန်းရှင်များအဆင်ပြေ




MNP - ဇူလိုင်   ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ယခုရက်ပိုင်းတွင် မှာယူအသုံးပြုသူများပြားလာသည့်အတွက် လုပ်ငန်းလုပ်ကိုင်သည့် ပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။


ကွန်ကရစ်ပစ္စည်းကတော့ ယခုရက်ပိုင်းအတွင်း မှာယူအသုံးပြုသူများလာသည့်အတွက် အလုပ်ဖြစ်သလို ဆိုင်မှာလုပ်တဲ့အလုပ်သမားလေးတွေလည်း ပုံမှန်ဝင်ငွေရလာကြပါတယ် ယခုရက်ပိုင်း အဝယ်လိုက်တာကတော့ ရေထည့်အသုံးပြုတဲ့ ကျောက်ကန်တွေဖြစ်ပါကြောင်း လက်ရှိ(၂) ကန်ဆင့်ကျောက်စီ(၁)လုံးလျှင်   ငွေကျပ်(၄၀၀၀၀)ဖြစ်သည့်အတွက် အနည်းငယ် ဈေးတက်လျက်ရှိကြောင်း ကျောက်ဈေးတို့ သိသိသာသာမတက်သော်လည်း ဘိလပ်မြေဈေး သံချောင်းဈေး ထက်ဝက်ခန့်ဈေးမြင့်တက်လာကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူ  ဦးကျော်အုန်းထံမှသိရှိရသည်။


ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်၊ ကွန်ကရစ်ရေကန်၊ ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊ ကျင်တွယ်တိုင်အမျိုးမျိုး၊ မိလ္လာကန်သုံးကျောက်ပြား၊ ဘိလပ်အုပ်နှင့် အခြားအော်ဒါမှာယူသော ပစ္စည်းများ ပြုလုပ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။


သတင်း - အောင်စိုးဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)