ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ



MNP - ဇူလိုင်   ၂၇


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၈နာရီ အချိန်က အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကားပြောကြားရာ၊ ကျောင်းသားမောင်မယ်လူငယ်လေးများအနေဖြင့်ကျောင်းနေပျော်၍ စာတော်သောသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းစာအပြင် အားကစားများကိုလည်း စိတ်ဝင်စားစွာ ကစားသွားကြစေလိုကြောင်း အားကစား လှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုပေးသလို ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ မျှော်မှန်းချက်/ ရည်ရွယ်ချက်များ ပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ အားကစားသည် ကိုယ်ကာယ၊ ရုပ်ပိုင်းဆိုင်ရာကိုသာ သန်မာစေသည်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ အထောက်အကူပြုပေးသည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နိုင်နိုင်ဝင်းက အားကစားဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ၊ ရွှေဘိုတက္ကသိုလ် စားပွဲတင်တင်းနစ်နည်းပြဆရာမှ လက်ခံရယူခဲ့သည်။


အဆိုပါ စားပွဲတင်တင်းနစ်တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲသို့ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်တန်း/ စီမံဌာနများမှ ပါမောက္ခများ၊ မော်ကွန်းထိန်း/ လက်ထောက်မော်ကွန်းထိန်းနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)