MNP ၊ ဇူလိုင် ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကာယဗမောင်ပြိုင်ပွဲကို ကျင်းပရာ ၆၀ ကီလိုတန်း၊ ၆၅ ကီလိုတန်း၊ ၇၀ ကီလိုတန်း၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုတန်းအထက်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ Man Sport Physique အားကစားသမားများ၊ မယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၅ ပေ ၃ လက်မအောက်နှင့် ၅ ပေ ၃ လက်မအထက်မယ်များ၊ FITNESS PHYSIQUE ပြိုင်ပွဲဝင်မယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ၆၀ ကီလိုတန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော ကာယဗလမောင် များအားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ၆၅ ကီလိုတန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကာယဗလမောင်များအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးက ၇၀ ကီလို တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကာယဗလမောင်များအား လည်းကောင်း၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးက ၇၅ ကီလိုတန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကာယဗလမောင် များအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၇၅ ကီလိုတန်း အထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကာယဗလမောင်များအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့် ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က Man Sport Physique ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကာယဗလမောင်များကို ဆုများပေးအပ်ချီးမြှင့်ပေးသည်။ ယင်းနောက် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်က ကာယကြံ့ခိုင်မှုမယ် ၅ ပေ ၃ လက်မ အောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော မယ်များအားလည်းကောင်း၊ စစ်တွေတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်က ၅ ပေ ၃ လက်မအထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော မယ်များအားလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက FITNESS PHYSIQUE ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ပြိုင်ပွဲဝင်မယ်များအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ပထမ ဆုရရှိသောပြိုင်ပွဲဝင်များအား ဆုတံဆိပ်နှင့် ငွေသားဆု ၁၅၀၀၀၀ ကျပ်၊ ဒုတိယဆုရရှိသော ပြိုင်ပွဲဝင်များအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် ၁၀၀၀၀၀ နှင့် တတိယဆု ရရှိသော ပြိုင်ပွဲဝင်များအား ဆုတံဆိပ်နှင့် ငွေသားဆု ၇၀၀၀၀ ကျပ်စီချီးမြှင့်ခဲ့ကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment