မောက်မယ်မြို့နယ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေး



MNP - ဇူလိုင်   ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ယနေ့နံနက်၉နာရီခွဲမှစတင်ပြီး မြို့လယ်ဓမ္မာရုံ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။  


ထိုသို့ထုတ်ပေးရာတွင် ငွေကျပ်သိန်းပေါင်းတစ်သောင်းငါးထောင်အား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေတစ်ဧကလျင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့တွင် ကျေးရွာအုပ်စု(၅)အုပ်စုအတွက် တောင်သူ (၁၅၈)ဦး၏ မိုးစပါးစိုက်ဧက (၉၄၀)နှင့် အခြားသီးနှံ(၉၀) ဧကအတွက် ငွေကျပ်(၁၅၀၀)သိန်းအား ထုတ်ချေးပေးမည်ဖြစ်ပြီး ဆက်လက်၍ ကျန်ရှိနေသေးသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။  


 သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)