သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ်

 



MNP - ဇူလိုင်  ၂၄


မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှ တစ်ဆင့်အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့်ငွေကြေးအကုန်အကျ သက်သာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက အိမ်တွင်းလက်မှုပညာတစ်မျိုးဖြစ်သည့် ပုစဉ်းခေါင်းကြယ်သီး ပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အမျိုးသမီးအသင်း (Women Club)အဖွဲ့ဝင် ဒေါ်သဇင်စိုးက ပုစဉ်းခေါင်းကြယ်သီးပြုလုပ်ပုံ၊ ပြုလုပ်နည်းဆင့်ဆင့်ကို သင်ကြားပြသပေးခဲ့ရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြကြောင်းနှင့် သင်တန်းကို အလယ်တန်းအဆင့် ကျောင်းသူလေးများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Club အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ခင်လေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)