MNP ၊ ဇူလိုင် ၂၄
၂ဝ၁၉-၂ဝ၂၀ ပညာသင် နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏သား၊ သမီးများနှင့် ဘက်စုံပညာထူးချွန် လူငယ်များ သည် မိဘအုပ်ထိန်းသူများနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သတ္တသတ္တာဟစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် မွန်းလွဲပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်၍ တပ်မတော် (ကြည်း)ပြခန်းများနှင့် ပြင်ပပြကွက်များဖြစ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ တိုက်ခိုက်ရေးယာဉ်များ၊ စစ်ရေယာဉ်များနှင့် လေယာဉ်များကို သွားရောက်လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံအတွက် မိမိတို့၏အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိသော အထိမ်းအမှတ်ဗိမာန်တစ်ခုဖြစ်သည့် သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment