စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိရန် စာဖတ်ဝိုင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိရန် စာဖတ်ဝိုင်းဆောင်ရွက်

 


MNP - ဇူလိုင်   ၂၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားထားသည် “လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ” စာအုပ်ကို ယနေ့နံနက် ၁၀နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။


စာဖတ်ဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ - ပျဉ်းမနား)နှင့် အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင် -တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာမဒေါက်တာမတင်ဝင်း (ပညာရေး တက္ကသိုလ်) ရေးသားထားသည် “လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ” စာအုပ်တွင် ပါရှိသည့် လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ၊ အလှပြင်ခြင်းမှာ စိတ်ကအခရာပဲ၊ ချိုသာပြေပြစ် လူတိုင်းချစ်တဲ့နည်း၊ အပြောအဆိုအနေအထိုင်မှာ သဘောကျပါစေ၊ ယဉ်ကျေးတဲ့ သူဆိုတာ နေတတ်ထိုင်တတ်ရပါမယ်၊ လှပခြင်းဆိုတာကျန်းမာမှ ရတဲ့အကျိုး၊ ကုသိုလ်တရားနဲ့ အလှတရား၊ ကုသိုလ်စိတ်ဟာ လူကိုလှပစေတတ်တယ် ခေါင်းစဉ်များနှင့် အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)