MNP - ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ခရေပင်လမ်းမပေါ်ရှိမင်္ဂလာကန်တို့အား ယနေ့နံနက် (၆)နာရီ (၄၅)မိနစ် အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လာရောက်ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့ တော်ဝန်)၊ ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများဖြစ်ကြသည့် ဦးကိုကိုလင်း၊ ဦးလင်းခိုင်၊ ဒေါက်တာ တိုးအောင်တို့ပါဝင်သော ဌာနမှူးများက လှော်ကားရေဝေရေလဲဒေသ၊ လှော်ကားဝင်းအတွင်း စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခရေပင်လမ်းမပေါ်ရှိ မင်္ဂလာကန် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ထားရှိမှုများ အားကြည့်ရှုစစ်ဆေးခြင်းများပြုလုပ်ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - မြတ်မွန်ခင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment