မြိတ်မြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

 




MNP - ဇူလိုင်   ၂၄


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


မြိတ်မြို့နယ် သမဝါယမအသင်းစုသည် အခြေခံသမဝါယမအသင်း (၆၆) သင်းဖြင့် ဖွဲ့စည်း ထားရှိပြီး အသင်းစု၏ စီးပွားရေးလုပ်ငန်းအဖြစ် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ရန်၊ အသင်းဝင်အခြေခံအသင်းများအား ငွေကြေးအရင်းအနှီး၊ နည်းပညာရပ်များ၊ ဈေးကွက်၊ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်သမဝါယမအသင်းစုအနေဖြင့် Microfinance ချေးငွေအဖြစ် အခြေခံသမဝါယမအသင်း(၁၇)သင်းအား မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန်၊ Exim Bank ချေးငွေဖြင့် အခြေခံသမ ဝါယမအသင်း (၄၇) သင်းအား စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရန် ထုတ်ချေးပေးခဲ့ကြောင်း၊ အသင်း၏ကုန်ပဒေသာ ဆိုင်များတွင် Nitroplus ဓာတ်မြေသြဇာ၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ဝယ်ယူရောင်းချပေးလျက် ရှိကြောင်း မြို့နယ်သမဝါမအသင်းစုမှ သိရသည်။


နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်း‌အဝေးတွင် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်၏ အသင်းစုလုပ်ငန်း ဆောင်ရွက်မှုအစီအရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းတို့ကို တာဝန်ရှိ သူများက ရှင်လင်းဖတ်ကြားခြင်း၊ အသင်းစု၏ ရှေ့လုပ်ငန်းစဉ်များ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ Exim Bank ချေးငွေ ဦးစွာအပြေအကြေပေးဆပ်သည့် အခြေခံသမဝါယမအသင်းများအား တာဝန်ရှိသူများက ဂုဏ်ပြုဆု များ ချီးမြှင့်ခဲ့ကြသည်။


အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလှကြည်က သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းလဲ့၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် မြိတ်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းစန်းမိုးတို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ အစည်းအဝေးသို့ အခြေခံသမဝါယမအသင်း (၆၆) သင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)