ပြည်ထောင်စုဝန်ကြီးဦးလှမိုး ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးဦးလှမိုး ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


MNP - ဇူလိုင်   ၃၀


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ကွင်းကြီးကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေ (၂၆.၁၆၀) သန်းဖြင့် ကျေးရွာနေပြည်သူများ သန့်ရှင်း သော သောက်သုံးရေဖူလုံစွာရရှိရေး အိမ်ထောင်စု (၁၁၅) စု၊ လူဦးရေ (၄၄၇) ဦး အကျိုးပြုမည့် ဆိုလာစနစ်ဖြင့် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် သပြေတန်းကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာအနီးရှိ “ယွန်းလျှံ" လယ်ယာအထောက်အကူပြုစခန်းတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အတွင်းရှိ ကန်ထရိုက် လယ်ယာတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ တောင်သူများ ၏ လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။


ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၂၁၁) သန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာ (၉) ရွာ၊ အိမ်ခြေ (၈၈၁) အိမ်၊ လူဦးရေ (၃၃၇၆) ဦး၊ လယ်ယာမြေ (၄၅၃) ဧကအား အကျိုးပြုသည့် ပိတောက်ခင်ကျေးရွာအုပ်စုရှိ ညောင်ပင်ကိုင်း-ပိတောက်ခင်-ရွာသစ်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)